Warriors of the Dawn (2017)
{ "dec": "ကဲဒီတစ်ခါတော့ IMDb 7.3 ရထားပြီး ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား စစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၅၉၂ ပတ်ဝန်းကျင် ဂျိုဆွန်း ခေတ်ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ထိုခေတ်ထို အခါက နိုင်ငံရေးအခြေအနေတွေ လူနေမှုပုံစံ နဲ့ ကြေးစားစစ်သားဈေးကွက် အနေအထားတွေကို ရိုက်ကူးပြထားတာပါ အဲ့ဒီခေတ်က ဘုရင်တွေဟာဆင်းရဲသားတွေထဲက အစွမ်းအစရှိတဲ့ သူတွေကို ဈေးကောင်းပေးပြီးတော့ သူတို့ ရဲ့ စစ်သားအဖြစ်သာမက ပဲ ခက်ခဲတဲ့ အသက်စွန့်\r\n\r\nရမယ့် အမိန့်တွေကို ခိုင်းစေဖို့ အတွက်ပါ ငှားရမ်းစေခိုင်းကြပါတယ် ဒီကားထဲမှာတော့ ကိုရီးယားကို ဂျပန်က ကျူးကျော်တဲ့ကာလ ကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅၉၂ ခုနှစ် ဂျိုဆွန်း ပြည်မှာ တော ဟာ အငှားစစ်သား ကြေးစားအဖြစ်အသက်မွေးပါတယ် သူ့တာဝန်ကတော့ ဂျပန်တွေ ကျူးကျော်လာချိန်မှာ တောင်ပိုင်းဒေသကို အထောက်အပံပေးဖို့ဖြစ်ပါတယ် အဲ့ဒီအချိန်မှာပဲ ဂျိုဆွန်း ဘုရင်ကတော့ တရုတ်ကိုသွားရောက်ခိုလှုံဖို့ ဆုံးဖြတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ် ကျန်ရှိနေတဲ့ တိုင်းပြည်ကာကွယ်ဖို့ အမိန့်တွေနဲ့ စစ်တပ်ကိုတော့ ၁၈နှစ်သား မင်းသား ဂွမ်ဟဲက ဆက်လက်တာဝန်ယူခဲ့ပါတယ် ဒီလိုနဲ...