ခရမ်းရောင်လွင်ပြင်
{
"dec": "ခရမ်းရောင်လွင်ပြင် (ခ) The Purple Plain\r\n\r\nဒီရက်ပိုင်း Facebook Newsfeed ပေါ် ခဏခဏ တက် တက်လာတာ မြင်တွေ့နေရတာနဲ့ပဲ မကြည့်ရသေးတဲ့ ပရိသတ်တွေအနေဖြင့် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ် ... \r\n\r\nလွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄ နှစ်က ကမ္ဘာကျော် အမေရိကန် ရုပ်ရှင်မင်းသားကြီး Gregory Peck နှင့် မြန်မာပြည်ဖွား ပဲခူးသူ မင်းသမီးချော ဝင်းမင်းသန်း တို့က The Purple Plain ဆိုတဲ့ ဇာတ်ကားကို တွဲဖက်ရိုက်ကူးခဲ့ပါတယ် ...\r\n\r\nထိုခေတ်အခါက England နှင့် American ထုတ် သတင်းစာအသီးသီးက ဗမာ့အမျိုးသမီးလေး ဝင်းမင်းသန်း ရဲ့ ကျက်သရေရှိလှသော မြန်မာဆန်ဆန်အလှ နှင့် လေးစားအတုယူဖွယ် မြန်မာ့ယဉ်ကျေးမှုကို စောင့်ထိန်းသောသူလေးအဖြစ် အမျိုးမျိုး ချီးကျူး၍ ရေးသားခဲ့ကြပါတယ် ... မြန်မာပြည်မှ အမျိုးသမီးတစ်ယောက် ယခုလို ကမ္ဘာ့အလည်မှာ ချီးကျူးခံ ခဲ့ရတယ်ဆိုတာ မြန်မာလူမျိုးများအတွက် ဂုဏ်ယူစရာတစ်ရပ်လဲ ဖြစ်ခဲ့ပါတယ် ... \r\n\r\nဇာတ်လမ်းအကျဉ်းလေးကတော့ - \r\n\r\nမြန်မာပြည်မှာ ဒုတိယကမ္ဘာစစ်ပြီးကာစအချိန် ... Canadian တော်ဝင်လေတပ်က လေယာဉ်မှူး ဖော်ရက်စတာ ( Gregory Pack ) က လူ့ဂွစာတစ်ယောက်ပါ ... အတိတ်က ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်ဆိုးကြီးကို ပြည်ဖုံးကားချပြီး ရုန်းမထွက်နိုင်သူတစ်ယောက်လဲ ဖြစ်ပါတယ် ...\r\n\r\nသူ့ရဲ့ တဇွတ်ထိုးလုပ်ကိုင်မှုတွေကြောင့် အထက်အရာရှိက သူ့ကို ထုတ်ပစ်ဖို့တွေးနေတဲ့အချိန်မှာ ... တပ်ဆရာဝန် ဒေါက်တာ ဟဲရစ် က သူ့ကို စိတ်အပြောင်းအလဲဖြစ်အောင် ရွာလေးတစ်ရွာကို ခေါ်သွားခဲ့ပါတယ် ... အဲ့နောက်မှာ အန်နာ ( Win Min Than ) နဲ့ တွေ့ဆုံပြီး ဘဝကို အသစ်တစ်ဖန် ပြန်လည်ရှင်သန်လိုစိတ်တွေ ပေါ်ပေါက်လာခဲ့ပါတယ် ... \r\n\r\nThe Purple Plain ဆိုတဲ့ ဇာတ်ကားဟာဆိုရင်ဖြင့် 1954 ခုနှစ် ဗြိတိန်မှာ လူကြိုက်အများဆုံးဇာတ်ကားထဲက တစ်ကားဖြစ်ခဲ့ပြီး Box Office မှာလဲ အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ခဲ့ပါတယ် ...\r\n\r\nဘက်ဂျက် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၂ သန်းခန့် သုံးစွဲ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး 1955 ခုနှစ် BAFT Awards မှာလဲ Best British Actor , Beat British Film , Best British Screenplay နှင့် Best Film ဆိုပြီး Nominee 4 ခု ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုလဲ ဖြစ်ပါတယ် ... \r\n\r\nဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်သူပြည်သားတွေအတွက်တော့ လွန်ခဲ့နှစ်ပေါင်း ၆၄ နှစ်က မြန်မာအမျိုးသမီးကြီး အန်တီ ဝင်းမင်းသန်း ရဲ့ ကျက်သရေအပေါင်း ခညောင်းပုံ , မြန်မာဆန်ဆန်အလှတို့ကိုသာမက နှစ် ၆၀ ကျော်က Hollywood ရဲ့ ရုပ်ရှင်အဆင့်အတန်းကိုပါ ဗဟုသုတ တစ်ရပ်အဖြစ် ကြည့်ရှုလေ့လာသင့်တယ်လို့ ထင်မိပါတယ် ... \r\n\r\n1954 ခုနှစ်က ဇာတ်ကားဖြစ်တာကြောင့် ရုပ်ထွက်မကောင်းမှာကို စိတ်မပူပါနဲ့ အကောင်းဆုံး Blu-ray Quality ကို ရှာပြီး Encode လုပ်ပေးထားပါတယ်နော် ... \r\n\r\nThe Purple Plain ဟာဆိုရင်ဖြင့် IMDb မှာ 6.6/10 နှင့် Rotten Tomatoes မှာ 60% အသီးသီး ရရှိထားခဲ့ပါတယ် ... \r\n\r\nTranslator : Sotari\r\nEncoder : Ziven\r\nQuality : Blu-ray 720p\r\nMyanmar Asian TV Channel မှ တင်ဆက်သည် ။",
"thumb": "https://i.imgur.com/TcRvibD.jpg",
"url": "http://bit.ly/2vQFJTo",
"image": "https://trailersfromhell.com/wp-content/uploads/2016/03/5070topPurp.jpg",
"date": "September 14, 1954",
"sdsize": "198.37 MB",
"hdsize": "641.10 MB"
}
Comments
Post a Comment