Posts

!!Do Not Delete!!

http://www.shwevideo.org/api/

The Hitman's Bodyguard (2017)

{ "dec": "017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 7.2 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ခ်ျကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ခ်ျရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ၀ါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ဘဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ခ်ျရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲေ...

Warriors of the Dawn (2017)

{ "dec": "ကဲဒီတစ်ခါတော့ IMDb 7.3 ရထားပြီး ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား စစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၅၉၂ ပတ်ဝန်းကျင် ဂျိုဆွန်း ခေတ်ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ထိုခေတ်ထို အခါက နိုင်ငံရေးအခြေအနေတွေ လူနေမှုပုံစံ နဲ့ ကြေးစားစစ်သားဈေးကွက် အနေအထားတွေကို ရိုက်ကူးပြထားတာပါ အဲ့ဒီခေတ်က ဘုရင်တွေဟာဆင်းရဲသားတွေထဲက အစွမ်းအစရှိတဲ့ သူတွေကို ဈေးကောင်းပေးပြီးတော့ သူတို့ ရဲ့ စစ်သားအဖြစ်သာမက ပဲ ခက်ခဲတဲ့ အသက်စွန့်\r\n\r\nရမယ့် အမိန့်တွေကို ခိုင်းစေဖို့ အတွက်ပါ ငှားရမ်းစေခိုင်းကြပါတယ် ဒီကားထဲမှာတော့ ကိုရီးယားကို ဂျပန်က ကျူးကျော်တဲ့ကာလ ကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅၉၂ ခုနှစ် ဂျိုဆွန်း ပြည်မှာ တော ဟာ အငှားစစ်သား ကြေးစားအဖြစ်အသက်မွေးပါတယ် သူ့တာဝန်ကတော့ ဂျပန်တွေ ကျူးကျော်လာချိန်မှာ တောင်ပိုင်းဒေသကို အထောက်အပံပေးဖို့ဖြစ်ပါတယ် အဲ့ဒီအချိန်မှာပဲ ဂျိုဆွန်း ဘုရင်ကတော့ တရုတ်ကိုသွားရောက်ခိုလှုံဖို့ ဆုံးဖြတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ် ကျန်ရှိနေတဲ့ တိုင်းပြည်ကာကွယ်ဖို့ အမိန့်တွေနဲ့ စစ်တပ်ကိုတော့ ၁၈နှစ်သား မင်းသား ဂွမ်ဟဲက ဆက်လက်တာဝန်ယူခဲ့ပါတယ် ဒီလိုနဲ...

Kuntilanak (2018)

{ "dec": "အခုတလော အရမ်းနာမည်ကြီးနေပြီး\r\nအားလုံးစောင့်မျှော်နေတဲ့ အင်ဒိုနီးရှား သရဲကား မြန်မာစာတန်းထိုးတင်ပေးလိုက်တယ်နော်။\r\nဇာတ်လမ်းလေးလည်းကောင်းတယ်။\r\n\r\nဘာဖြစ်လာမလဲစောင့်ကြည့်ရတာကိုက တော်တော်မိုက်တာ ။\r\nကိုတွေကတော့ ညသန်းခေါင်မှာကြည့်လိုက်တာ အိမ်သာသွားတာတောင်ကျောမလုံချင်ဘူးဖြစ်သွားတယ်။\r\nမြို့ကနေ လင်မယားကွာရှင်းပြီး နယ်ကအိမ်ကို အမျိုးသမီးနဲ့ ကလေးလေးပြန်လာခဲ့တယ် ။\r\nဒါပေမယ့် အိမ်မှာဘယ်သူမှမ၇ှိတော့ဘူး ။အိမ်သားအားလုံးအသတ်ခံလိုက်ရလို့ အိမ်ကြီးကလဲအိုဟောင်းနေခဲ့ပြီပေါ့ ။\r\nဒါတွေကလည်း အချိန်တွေကြာနေပြီဆိုတော့ ဒါတွေကို မစဉ်းစားပဲ \r\nအဲ့အိမ်မှာပဲနေဖိုးဆုံးဖြတ်လိုက်တယ် ။\r\nအဲမှာဇာတ်လမ်းကစတာပဲ ....\r\nထူးခြားမှုကတော့ ကလေးလေးဆီကနေစတာပဲ ....\r\nသူတို့တွေ ဘယ်လိုကျော်ဖြတ်ကြမလဲ ....\r\nအဲအိမ်မှာရှိတဲ့အရင်လူတွေ ဘာကြောင့်အသတ်ခံလိုက်ရတာလဲ ....\r\nဘယ်သူတွေကသတ်သွားတာလဲ ....\r\nနောက်ဘာဆက်ဖြစ်လာမလဲ .....\r\nတော်တော်စိတ်ဝင်စားဖို့ ကောင်းသလို\r\nကြောက်ဖို့လည်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် သူငယ်ချင်းတွေအတွက် မြန်မာစာတန်းထိုလေးတင်ဆက်ပေးလိုက်ပါတယ် ။\r\n၀ါသနာတူ သူငယ်ချင်းမ...

Dilan 1990 (2018)

{ "dec": "Rating7.7ရထားတဲ့ Dramaကား​လေး​နော်​ဒီကားလေးကတော့ လူငယ်အချစ်ကားလေးပါပဲလူငယ်ဆိုပေမယ့် အထင်မသေးနဲ့​နော်​😉ယောက်ျားမိန်းမကြားမှာရှိတဲ့ အချစ်ရဲ့ထူးခြားမှုတွေကိုပြထားတာ​ပေါ့လူငယ်တွေကြားမှာချစ်သူရှိရက်နဲ့အခြားတစ်ယောက်နဲ့ မကင်းရှင်းတာတို့ချစ်သူရှိနေတဲ့သူကိုလိုက်တာတို့ကမကောင်းဘူးလို့လူတွေကတန်းမြင်ပစ်လိုက်ကြတယ်လေ😞အမှန်က အပေါ်ယံမြင်ရုံနဲ့ဘာမှပြောလို့မရဘူးလေ\r\n\r\nခုနကထင်ထားတဲ့သူတွေလည်း မှန်နေတာဖြစ်နေနိုင်တာပဲခုလို​ရေးထားတာကို သဘောမတူတဲ့သူလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမယ့်လည်း နောက်ကွယ်ကမှန်တယ်လို့ဘာလို့ပြောနိုင်လဲဆိုတာကိုတော့ဒီကားလေးကိုဆက်ကြည့်ပြီးအ​​ပေါ်မှာ​ပြောတာဟုတ်ရဲ့လားမှန်ရဲ့လား​ကြည့်လိုက်ပါတော့​နော်​\r\n\r\n(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw ဖြစ်ပါတယ်) \r\nTranslated by May Nandar Kyaw\r\nEncoded by Thanhtike Zaw\r\nCredit-channelmyanmar", "thumb": "https://m.media-amazon.com/images/M/MV5BYzM0NmQ2YzgtZWZkNC00N2JhLThjYzUtMDNlZDczMzJiMGY1XkEyXkFqcGdeQXVyNzkzODk2Mzc@._V1_SY1000_CR0,0,685,1000_AL_.jpg", "url": ...

Mohini (2018)

{ "dec": "“ကျွတ် ကျွတ် ကျွတ် ကျွတ်”\r\nတိတ်ဆိတ်လွန်းလှတဲ့ညတစ်ညမှာ\r\nအိမ်ခေါင်မိုး မျက်နှာကြပ်မှာ ကပ်တွယ်နေတဲ့\r\nအိမ်မြောင်ဆီက စုတ်ထိုးသံ။\r\nသိပ်မကြာဘူး၊\r\nခပ်လှမ်းလှမ်းက ခွေးအူသံက ပတ်ဝန်းကျင်ကို\r\nလွှမ်းမိုးသွားပြန်တယ်။\r\nထိုအချိန်. . .\r\nအိမ်ကြီးတစ်လုံးရဲ့ ဘေးက သစ်ပင်အောက်မှာ\r\nတစ်စုံတစ်ယောက်၊\r\nအိမ်ကြီးကို အတန်ကြာ အကဲခတ်နေဟန်နဲ့\r\nစူးစူးစိုက်စိုက်ကြည့်တယ်၊\r\nအခြေအနေ ကောင်းလောက်ပြီဆိုမှ အိမ်ကြီးရှိရာကို ဒရောသောပါး ပြေးလာတယ်၊ခြံစည်းရိုးကို လွှားကနဲ ခုန်ကျော်ပြီး အိမ်တံခါးနားကို နင်ဂျာတစ်ကောင်လို ဖက်ကနဲ ကပ်လိုက်တယ်၊ပတ်ဝန်းကျင်မှာ\r\nဘာမှထူးထူးခြားခြား လှုပ်ရှားသက်ဝင်တာမရှိတော့ ယုံကြည်စိတ်ချစွာနဲ့ အိမ်ပေါ်ကို ဝရံတာဘက်ကနေ တက်သွားတယ်။\r\nဟောတွေ့ ပြီ. . .။\r\nအိပ်ခန်းထဲကို အရောက်\r\nသူလိုချင်နေတဲ့ ပစ္စည်းကို တန်းတွေ့ပြီ၊\r\nYoutube က “စားကြမယ်ဟေ့ ကောင်းကောင်း “အစီအစဉ်မှာ တင်ဆက်ပေးနေတဲ့ ရက်ရက်စက်စက်\r\nလှရက်လွန်းတဲ့ ဗိုင်ရှ်နာဗီ ခေါ် ဗိုင်ရှူးလေး၊\r\nသူကွန်းခိုရာ အိမ်ဂေဟာရဲ့ သလွန်ထက်မှာ\r\nစိတ်ချလက်ချ အိပ်စက် အနားယူနေပုံက\r\nမထိရက် မတို့ရက်စရာ၊\r\nကိုယ့်မလည်း သူလေးကို ဖ...

See You Tomorrow ( 2016 )

{ "dec": "တရုတ်ဇာတ်လမ်းကောင်းများကို ကြိုက်နှစ်သက်သူများအတွက် 2016 ခုနှစ် ထွက်ရှိခဲ့တဲ့ See You Tomorrow ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ …\r\n\r\nဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Tony Leung Chiu-Wai နှင့် Takeshi Kaneshiro တို့နှင့်အတူ Love O2O Movie Ver မှာ မြန်မာပရိသတ်တွေကြား လူသိများစေခဲ့တယ့် တရုတ်မင်းသမီးချောလေး Angelababy တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် …\r\n\r\nဇာတ်​လမ်းအကျဉ်း​လေးကို ​ပြောရမယ်ဆိုရင် –\r\n\r\nသင်​၀မ်းနည်းစရာ ​ကြေကွဲစရာ စိတ်​ညစ်​စရာ ကြုံ​တွေ့​နေရပါသလား???\r\nဒါဆိုရင်​ ” မနက်​ဖြန်​​တွေ့မယ်​ ” ဘားကိုသာ သွားလိုက်​ပါ …\r\nသင့်​ရဲ့စိတ်​ညစ်​ ၀မ်းနည်းမှု​တွေကို ​ဖြေ​ဖျောက်​နိုင်​​အောင်​ နှစ်​သိမ်​ပေးမယ့်သူက ” မနက်​ဖြန်​​တွေ့မယ်​ ” ဘားမှာ ရှိပါတယ် …\r\n\r\nသူနာမည်​က ချန်​မို သူက​တော့ ” မနက်​ဖြန်​​တွေ့မယ် ” ဘားရဲ့ပိုင်​ရှင် … သူ လူ​တွေရဲ့ စိတ်​ညစ်​ ၀မ်းနည်းစရာ​တွေကို ​ပြေလည်​​အောင်​ နှစ်သိမ့်​​ပေးသူတစ်ယောက်လဲ ဖြစ်​ပါတယ် …\r\n\r\n​နောက်​တစ်​​ယောက်​က​တော့ ချန်​မိုညီအရင်းလို ချစ်​ခင်​ရတဲ့ ​ဂေါင်​ချန်း … ” နက်​ဖြန်​​တွေ့မယ် ” ဘားရဲ့ ရှယ်​ယာဝင်​တစ်​​ယောက်...

Look Out, Officer!

{ "dec": "Look out officer သရဲစုံထောက်ဟာသ မြန်မာစာတနိးထိုးအမှန်\n\nရဲအရာရှိ Paio အသတ်ခံရပြီ သတ်သည်တရာခံရဲ့မျက်နှာကိုမမြင့်ရတော့ကြောင့် ငရဲပြည်ရဲ့ အကူညီနဲ့တရားခံကို ကယ်တင်ရှင်နဲ့အတူ သူကိုသတ်သည့်တရားခံကိုလိုက်ရှာကြသည် ကယ်တင်ရှင်ရဲ့အကူညီနဲ့ Paio ရဲ့လူသတ်သမားကိုရှာတွေ့မလားဆိုတာတော့ ကြည်ရူလိုက်ပါလို 😝😝\nယခုချိန်မှာရှားပါးပြီးမျိုးတုံး ပျောက်ကွယ်နေတဲ့\nဟာသဘုရင် စတီဗင်ချောင်ရဲ့ ဇာတ်ကားတွေတဝရီးကြည့်ဖို့ စတီဗင်ချောင် ဇာတ်ကားများစုစည်းမူpage ကို see fist လုပ်ထားပြီး ဟာသဘုရင်စတီဗင်ချောင်ရဲ့ဇာတ်ကားတွေ တဝရီးကြည်ရူခံစားလိုက်ကြပါ", "thumb": "https://m.media-amazon.com/images/M/MV5BMGI5ZTIxYTMtMWQyOS00OTU3LWJmMmQtOGE2MmI1MDA5NmQ2XkEyXkFqcGdeQXVyNjExODE1MDc@._V1_.jpg", "sdsize": "128 MB", "hdsize": "639 MB", "url": "https://www.facebook.com/ba.shwe.3150807/videos/152464152347356/", "image": "http://bit.ly/2valCjA", "date": "1990" }

The Magnificent Seven (2016)

{ "dec": "ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။ Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။ အကျီင်္လေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ \r\n\r\nဇာတ်လမ်းအကျဉ်းကတော့ မြို့ငယ်လေးကို အင်အားသုံးပြီး နှင်ထုတ်မယ့် လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကို လူ ၇ ယောက်ထဲက မြို့ကလူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။ ၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ အရည်အချင်းတွေနဲ့ ထူးခြားမှုတွေကို ပေါင်းစပ်ပြသွားရင်း မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသက်စွန့်တိုက်ကြတဲ့ သူရဲကောင်းတွေအကြောင်း ပြထားတာပါ။ ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ ဘာသာပြန်သူတောင် ၂ ခါပြန်ကြည့်မိတယ် နဂို ကောင်းဘွိုင်အသေကြိုက်တဲ့အခံလည်းပါတာပေါ့ဗျာ။ \r\n\r\nTranslator : Littleneo\r\nEncoder : Littleneo\r\nCredit-channelmyanmar...

Call of Heroes (2016)

{ "dec": "မတရားမှုတွေကို မနှစ်မြို့တဲ့ Eddie Peng နဲ့ ကိုယ်ကောင်းဖို့အတွက် ဘာမဆိုလုပ်တဲ့ Wu Jing၊ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်။ တစ်ယောက်က တရုပ်ပြည်နယ်မြေတော်တော်များများကို မတရားလိုက်လံသိမ်းပိုက်နေတဲ့ General Cao Ying ရဲ့စစ်သေနာပတိ၊ နောက်တစ်ယောက်က မတရားမှုတွေကို မနေတတ်သလိုလိုက်လံဖြေရှင်းပေးနေတဲ့ သာမန်အရပ်သား။\r\n\r\nတစ်နေ့ General Cao Ying ရဲ့သားဖြစ်သူ Junior Commandant Cao ဟာ Eddie Peng နေထိုင်ရာ ရွာသို့ရောက်ရှိလာပြီး လူသတ်မှုကျူးလွန်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ရွာရဲ့အကြီးအကဲဖြစ်သူLau Ching-Wan ဟာ Junior Commandant Cao ကို သတ်မိန့်ချခဲ့ပါတယ်။ အဲ့ဒီအချိန် General Cao ရဲ့စစ်သေနာပတိ၊ Eddie Peng ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်သူဟာ သူ့ရဲ့ရာထူး နေရာ တည်မြဲနိုင်ဖို့အတွက် မတရားမှုများကိုနှစ်သက်သော General Cao ရဲ့သားဖြစ်သူ Junior Commandant Cao ကိုကယ်တင်ဖို့ ရောက်ရှိလာပါတယ်။ \r\n\r\nအဲ့ဒီအချိန်မှာ မတရားမှုကို မနှစ်သက်တဲ့ Eddie Peng နဲ့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ Wu Jing အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ပြန်လည်တွေ့ကြသောအခါ ...\r\nကဲဘာတွေဆက်ဖြစ်မယ်ဆိုတာကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည်...

The Tiger (2015)

{ "dec": "IMbD rating 7.3, Tomato Rating 71% ရထားတဲ့ ကိုးရီးယားဇာတ်လမ်းကောင်းလေးပါ။\r\n\r\nရိုက်ကူးတင်ဆက်ပုံ ကောင်းမွန်သလို Visual effect တွေ အရမ်းကို အသက်ပါလှပါတယ်။\r\n\r\nရက်စက်ကြမ်းကြုတ်တဲ့ ကျား နဲ့ မုဆိုး တို့ကြားက သံယောဇဉ်တွေ …တိရစ္ဆာန်ပေမယ့် သားသမီးကို ချစ်ခင်တဲ့မိဘမေတ္တာကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။ရိုက်ကူးတင်ဆက်ပုံကောင်းတာကြောင့် 21st Chunsa Flim Art Award မှာ Technical Award , 36th Korea Gold Award Festival မှာ Grand Prize, Best Director , Special Jury Price တွေရထားသလို 53rd Grand Bell Award ဆုပေးပွဲမှာ High Technology Special Award စတဲ့ဆုပေါင်းများစွာ ဆွတ်ခူးထားပါတယ်။\r\n\r\nဇာတ်လမ်းကတော့ ကိုးရီးယားကို ဂျပန်တွေအုပ်စိုးထားတဲ့ ၁၉၂၅ ခုနှစ်ကို ဇာတ်အိမ်တည်ထားပါတယ်။\r\n\r\nဂျီရီဆန်တောင်က နာမည်ကျော် မုဆိုးကြီး ချန်းမန်ဒုတ်….တစ်နေ့ အမဲလိုက်ရင်း ကျားတစ်ကောင်နဲ့ မျက်နှာချင်းဆိုင် ဆုံမိတယ်။\r\n\r\nသေနတ်နဲ့ချိန်ထားတုန်းမှာပဲ ကျားက ကျားပေါက်ကလေးနှစ်ကောင်ရှိတဲ့ ကျားမကြီးမှန်း သိလိုက်ရတော့ ပစ်ရမှာ နောက်တွန့်နေမိတယ်။ ဒါပေမယ့်လည်း အန္တရာယ်က အရှေ့မှာဆိုတော့ မတတ်သာတဲ့အဆုံး ပစ်...

Leap! (2016)

{ "dec": "၁၈၇၉ ခုနှစ် ပြင်သစ်ကို ဇတ်အိမ်တည် အခြေခံရိုက်ကူးထားတဲ့ Animated ကာတွန်းကား Ballerina ထဲက နှစ်လိုဖွယ်မိဘမဲ့ကလေးငယ်လေးရဲ့ အိမ်မက်ဟာ ကချေသည်တစ်ယောက်ဖြစ်လာဖို့ပါပဲ။\r\nဆံပင်အနီရောင်နဲ့ ကလေးမလေး Félicie (အသံသရုပ်ဆောင် Elle Fanning) ဟာ ဘရစ်တနီက သူတို့ရဲ့မိဘမဲ့ဂေဟာကနေ သူ့အချစ်ဆုံးသူငယ်ချင်း Victor (Dane DeHaan) နဲ့အတူထွက်ပြေးသွားခဲ့ပါတယ်။\r\n\r\nသူမရဲ့အိမ်မက်ဖြစ်တဲ့ ဘဲကလေးကချေသည်တစ်ဦးဖြစ်လာဖို့နဲ့ ဗစ်တာကတော့ တီထွင်သူတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ပေါ့။\r\nပဲရစ်​မြို့​တော်​ ။ ​ကောင်​​လေးက​တော့ နာမည်ေ​ကျာ် ​Gustave Eiffel ရဲ့အလုပ်​သင်​ တပည့်​တစ်​​ယောက်​ဖြစ်​လာခဲ့ပြီး ​ကောင်​မ​လေးက​တော့ လူချမ်းသာမိန်းက​လေးတစ်​​ယောက်​ရဲ့နာမည်​ကိုယူပြီး ကဇတ်​ရုံမှာ ဘဲ​လေးက​ချေသည်​တစ်​​ယောက်​ဖြစ်​လာခဲ့ပါတယ်​။\r\nကဇတ်​ရုံမှာ အကပညာသင်​ယူခွင့်​ရဖို့ဆိုတာ ​ငွေ​ကြေးပြည့်​စုံတဲ့ အထက်​တန်းလွှာဖြစ်​ရုံတင်​ မကပဲကြိုးစားအားထုတ်​မူနဲ့မှ ​ရောက်​ရှိနိုင်​တဲ့​နေရာပါ။\r\n\r\n​ပျော်​​ပျော်​​နေတတ်​တဲ့ Félicie ရဲ့ချစ်​စဖွယ်​အကျင့်​​လေးကပဲ သူမကို​အောင်​မြင်​တဲ့ဘဝဆီကို ​ရောက်​ရှိ​​အောင်​ ကူညီ​ပေးခဲ့တ...

Be with You (2018)

{ "dec": "ဂျပန်ရဲ့နာမည်ကြီးကားဖြစ်တဲ့ 2004မှာထွက်ထားတဲ့ ” Takuji Ichikawa ” ကိုအခြေခံရိုက်ကူးထားတာပါ လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ် …\r\n\r\nKorea versionကကောဘယ်လိုပြန်ရိုက်ကူးမလဲ ကြည့်ကြရအောင် …\r\nMain Casts တွေကတော့ Master’s of Sun , Battleship အပြင်အခြားနာမည်ကြီးကားတွေရဲ့ ဇာတ်ကျော်ကြီး\r\n”So Ji Sub” နှင့်\r\n\r\nကျောက်မဖြစ်တဲ့နှလုံးသားရုပ်ကြွင်း လက်ရှိနာမည်ကြီးနေတဲ့ Something in the rain ထဲက မင်းသမီး ”Son Ye Jin”\r\nတို့ကပါဝင်ထားကြပါတယ် ….\r\nRating မှာလည်း IMDb 7.4/10ထိရရှိထားပြီး Box Officeမှာလည်း US$19.3 millionထိရရှိထားပါတယ် …\r\n\r\nဇာတ်လမ်းလေးကတော့ ”ကောင်းကင်တိုင်းပြည်နဲ့လူသားကမ္ဘာကိုဆက်သွယ်ပေးတဲ့ ဘူတာရုံးလေးတစ်ခုရှိပါတယ် …\r\nမိုးရာသီရောက်ရင် ကိုယ်မျှော်နေတဲ့သူက မိုးနှင့်အတူပြန်ရောက် လာမယ်လို့ဆိုစမှတ်ပြုကြတယ်” …\r\nဇနီးဆူးအာ(SoYeJin)ဖြစ်သူကွယ်လွန်ပြီးသားဖြစ်သူ ဂျီဟိုကိုတစ်ယောက်တည်းစောင့်ရှောက်လာတဲ့ ဝူဂျင်း (So Ji Sub)\r\n\r\nဒါပေမဲ့ သူမ မဆုံးခင်မှာတစ်နှစ်ကြာရင်ပြန်လာမယ်လို့ကတိပေးခဲ့တယ် …\r\nတစ်နှစ်ကြာပြီးနောက်မှာတော့ ဘူတာရုံလေးမှာပြန်ပေါ်လာတဲ့ ဆူးအာ …\r\nဒါပေမ...

Bad Samaritan (2018)

{ "dec": "သဲထိတ်ရင်ဖို ဇာတ်လမ်းတွေကို ကြည့်ရှုချင်ကြသူတွေအတွက် ၂၀၁၈ ထွက် Bad Samaritan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒရက်ခ် နဲ့ ရှောန် လို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်…သူတို့နှစ်ယောက်ကအရမ်းခင်ကြပြီး ပိုက်ဆံမချမ်းသာတဲ့မိသားစုတွေကနေလာကြတဲ့ ဆိုးသွမ်းတဲ့ လူငယ်လေးနှစ်ယောက်…သူတို့ကစားသောက်ဆိုင်တစ်ခုမှာ ကားပါကင်ထိုးပေးတဲ့အလုပ်ကို လုပ်ကြတယ်…အမှန်တကယ်တော့ သူတို့ကားပါကင်ထိုးတယ်ဆိုပေမယ့် ဒါကဟန်ပြအလုပ်သက်သက်တစ်ခု..\r\n\r\nသူတို့တကယ်က ဘာလုပ်လဲဆိုတော့ သူတို့အလုပ်လုပ်တဲ့ဆိုင်ကိုလာတဲ့ စားသုံးသူတွေက ကားပါကင်ထိုးဖို့ သော့တွဲပေးလိုက်ပြီဆိုရင်..အဲ့ဒီကားပိုင်ရှင်အိမ်က သိပ်မဝေးဘူးဆိုရင် ကားပါကင်မထိုးတော့ဘဲနဲ့ ကားပိုင်ရှင်အိမ်အထိ မောင်းသွားပြီး အဲ့ဒီအိမ်ကို သော့တွဲမှာပါတဲ့ အိမ်သော့တွေနဲ့ ဖောက်ထွင်းခိုးယူတော့တာပါပဲ…ကံဆိုးတာလား ကံကောင်းတာလားမသိတဲ့တစ်ရက်မှာတော့ရှောန် က ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အိမ်ကို ဖောက်မိတယ်…အဲ့ဒီလူရဲ့အိမ်မှာ ရှိတဲ့ပစ္စည်းတွေက ဘာတွေလဲ..အဲ့ဒီလူအိမ်မှာ ဘာတွေတွေ့လဲ…ဘာတွေတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ..ပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုတော်မူကြပါထိတ်လန့်တုန်လှုပ်စရာသဲထိတ်...

The Leakers (2018)

{ "dec": "ဒီတစ်ခါမှာတော့ ပရိတ်သတ်တွေကို IMDB 5.3 ရထားတဲ့ မှုခင်းကားကောင်းတစ်ခု တင်ဆက်ပေးချင်ပါတယ် ဒီကားလေးကတော့ 2018 ထွက်ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ အက်ရှင်ကားကောင်းတွေကြိုက်နစ်သက်တဲ့ပရိသတ်ကြီးရော မှုခင်းကားစုံထောက်ကားတွေကိုမှနစ်သက်တဲ့ပရိသတ်ကြီးရောပါအကြိုက်တွေ့မယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်\r\n\r\nဒီကားလေးက သောက်လေလေသောက်လေငတ်မပြေဆိုတဲ့\r\nလူ့သဘာဝအကြောင်းကို သင်ခန်းစာပေးရိုက်ကူးထားတဲ့ကားလေးပါ\r\nမလေးရှားမှာ ဖြစ်ပွားနေတဲ့ VR-23 ရောဂါအကြောင်းစုံစမ်းနေတဲ့သတင်းထောက်ဒန်နီဆောင်ရယ် ဆေးကုမ္ပဏီဥက္ကဌတစ်ယောက်ရဲ့သားဖြစ်သူ တီရိုချွန်လောင်တို့ဟာ တစ်နေ့လည်းကျရော ကိုယ့်ကိုယ်ကိုသေကြောင်းကြံတယ်ဆိုပြီး ဖြစ်လာကြပါတယ်\r\nအဲ့အမှုနှစ်ခုကို လုပ်ကြံခံရတာလား တကယ်ပဲသတ်သေသွားကြတာလားဆိုတာကို ဖော်ထုတ်ရင်း VR-23 ဗိုင်းရပ်စ်ရဲ့ နောက်ကွယ်က မသမာသူကိုပါထုတ်ဖော်ဖို့ဖြစ်လာတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပုံဖော်ထားတဲ့ကားလေးပဲဖြစ်ပါတယ်\r\n\r\nTranslated & Reviewed by Suzen\r\nEncoded by Lwin Naung\r\nCredit-gcmovies", "thumb": "https://m.media-amazon.com/ima...

I Kill Giants (2018)

{ "dec": "ဒီကားလေးကို Trailer စကြည့်ကတည်းက မျော်လင့်မိနေတာ ဟယ်ရီပေါ်တာကားထုတ်လုပ်သူတွေကရိုက်ထားတဲ့ကားဆိုပြီး monster giant တွေပါတယ်ဆိုတော့ ကိုယ့်အကြိုက်ပေါ့ ;p\r\nဒီဇာတ်ကားကိုအညွှန်းရေးရမယ်ဆိုရင်တော့ဖြင့်\r\nလူတိုင်းမှာရင်မဆိုင်ရဲတာမျိုး ကြောက်ရွံနေတာမျိုးရှိတတ်ကြပါတယ်\r\nအဲ့ဒီအရာကိုရှောင်ပြေးနေရင်း ဖြစ်လာတဲ့ပုံစံမျိုးလေးရိုက်ထားတာပါ\r\nအဓိကဇာတ်ကောင်ဖြစ်တဲ့ ဘာဘရာသော်ဆင် ဆိုတဲ့ကောင်မလေးက ကျောင်းမှာဆို ရူးကြောင်ကြောင်အဖြစ်သတ်မှတ်ခံရပြီး အပေါင်းအသင်းမရှိတဲ့လူတစ်ယောက်\r\nသူကိုယ်တိုင်ကလည်း သူ့အရွယ်ကလေးတွေက ခပ်ပိန်းပိန်းတွေလို့သဘောထားတယ်\r\nပြီးတော့ သူ့မှာလည်းလျို့ဝှက်ချက်တစ်ခုရှိနေတယ်\r\n\r\nဘာလဲဆိုတော့ မြို့ကို Giant တွေအန္တရာယ်ကကာကွယ်ပေးနေရတာ\r\nအပေါင်းအသင်းမရှိတဲ့ ဘာဘရာတစ်ယောက် လန်ဒန်ကနေပြောင်းလာတဲ့ ဆိုဖိယာဆိုတဲ့ကောင်မလေးနဲ့တွေ့တွေ့ချင်းပဲ ခင်သွားတယ်ပြီး သူ့လျို့ဝှက်ချက်တွေကိုပြောပြလိုက်တယ်\r\nဇာတ်လမ်းရဲ့ ၂/၃လောက်ထိက ဘာဘရာတစ်ယောက်ဘာလို့ထူးဆန်းနေရတာလဲ Giantတွေကဘယ်လိုလာဖျက်ဆီးမလဲ\r\nဆိုတာတွေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး ဇာတ်လမ်းပြီးခါနီးလာလေလေ တစ်ကယ့်ဖြစ်ရပ်မှန်တွေပေါ်လာလေလေပါ...

American Assassin (2017)

{ "dec": "ဒီဇာတ်ကားကတော့ အမေရိကန်က ဘက်ဆဲလား ၀တ္ထုကို The Maze Runner မင်းသား ဒေလန်အိုဘရီရန် ခေါင်းဆောင်ပါဝင်ရိုက်ကူးထားတဲ့ အက်ရှင်ကား တစ်ကားပဲ ဖြစ်ပါတယ်။ စီအိုင်အေက မစ်ခ်ျဟာ အားလပ်ရက်မှာ ရည်းစား ကတ်ထရီနာနဲ့ ပင်လယ်ကမ်းခြေမှာ အနားယူနေခဲ့တယ်။\r\n\r\n ဒီအချိန်မှာ တူရကီ အကြမ်းဖက်သမားတွေ လက်ချက်ကြောင့် ကတ်ထရီနာ သေဆုံးခဲ့ပါတယ်။ ဒီအတွက် သူက လက်တုံ့ပြန်ချင်နေခဲ့တယ်။ ဒီအချိန်မှာပဲ သူ့ကို ဗိုလ်ကြီး စတန်ဟာလေက သူ့ကို ပြန်ခေါ်ပြီး အကြမ်းဖက်သမားတွေကို သုတ်သင်ဖို့ တာဝန် တစ်ခု ပေးအပ်တယ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့…….\r\n\r\nTranslated by Aung Myint Oo\r\nRipped by Aung Myint Oo\r\nCredit-gcmovies", "thumb": "https://m.media-amazon.com/images/M/MV5BMjM0MjY4MTk5NV5BMl5BanBnXkFtZTgwNDE2NTQyMzI@._V1_SY1000_CR0,0,631,1000_AL_.jpg", "url": "https://www.facebook.com/thein.zaw.5855/videos/10215020279132948/", "image": "https://pbs.twimg.com/media/DS7kCRdW0AA4qYG.jpg", "date": "September 6, 2017", ...

They Call Me Jeeg (2016)

{ "dec": "သူရဲကောင်းဆိုတာ ဘယ်လိုမျိုးပါလဲအဲဒီမေးခွန်းကိုခက်ခက်ခဲခဲမစဉ်းစားရအောင် ဒီကားလေးကိုကြည့်လိုက်ပါ။IMDB Rating 7.1 ရရှိထားတဲ့ အီတလီ Super hero ရုပ်ရှင်ကားလေးပါ။လူတွေထဲကလူတစ်ယောက်ဖြစ်တဲ့ Enze ဆိုတဲ့ အဓိကဇာတ်ကောင်ကတော့ စိတ်လေပြီး ဘဝဆုံးနေတဲ့ တေလေဂျပိုး တစ်ယောက်ပါ။ဒါပေမယ့် သေမလိုဖြစ်ပြီးတော့ မသေပဲနဲ့ အဆမတန်ခွန်အားတွေကြီးမားလာတဲ့အခါ ဘာတွေကိုလုပ်သလဲ\r\n\r\nဘယ်လိုတွေဖြစ်လဲကြည့်ရမှာပါ။သူက Super Hero ဖြစ်လာမလား။Hero တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုအရာတွေက သူ့ကိုတွန်းအားပေးနိုင်မှာလဲ။သူ့ကို Hero တစ်ယောက်လို့ဘာလို့သတ်မှတ်ကြမှာလဲသူလုပ်ခဲ့ဖူးတဲ့ မကောင်းမှုတွေကရော သူ့ကို Hero တစ်ယောက်ဖြစ်စေနိုင်မှာလား…အဲဒါကိုတော့ CM ပရိတ်သတ်ကြီးကပဲဖြေပေးကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)\r\n\r\nTranslated by d3mon\r\nEncoded by Thanhtike Zaw\r\nCredit-channelmyanmar", "thumb": "https://m.media-amazon.com/images/M/MV5BMTk1OTNjNDEtN2M3Zi00MDQ1LWJjZTktN2Y4NGFhNzZiYzg5XkEyXkFqcGdeQXVyNTA0OTU0OTQ@._V1_SY1000_SX700_AL_.jpg", "url": "https://www....

Den of Thieves (2018)

{ "dec": "R-rated ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကြောင်းမပြောခင် မင်းသားကြီး Gerard Butler အကြောင်း အရင်မိတ်ဆက်ပေးပါမယ်\r\n\r\nကျနော့်လို ရုပ်ရှင်ဂျိုးတွေကတော့ action ဇာတ်ကားတွေနဲ့တွဲသိထားပြီးဖြစ်ပေမဲ့ မသိသေးတဲ့လူတွေ သိသာအောင်ပြောရရင် Olynpus has fallen နဲ့စပြောရပါလိမ့်မယ်\r\nအဲ့ဒီနောက်မှာ Gods of Egypt,London Has Fallen နဲ့ Geostorm တို့ကဆင့် ပိုပိုပြီးရင်းနှီးလာခဲ့တဲ့ action မင်းသားကြီးဖြစ်ပါတယ်\r\n2019 ထဲမှာ Angel Has Fallen နဲ့ Den of Thieves 2 တို့ကိုလဲ ဆက်လက်ရိုက်ကူးလျက်ရှိနေပါတယ်\r\n\r\nDen Of Thieves က သမားရိုးကျ အနည်းငယ်ဆန်သယောင်ရှိပေမယ့် ဖျော်ဖြေမှု ကောင်းကောင်းပေးနိုင်တဲ့ အမေရိကန် အက်ရှင်/Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။\r\nGerard Butler ကြီးကို အေးအေးဆေးဆေးကြည့်ရမဲ့ ဇာတ်ကားလဲဖြစ်ပါတယ်\r\n\r\nအတော်လေး သတ္တိရှိတဲ့ နယ်ထိန်းရဲမှူးတစ်ယောက်\r\nရေတပ်ဗိုလ်ဟောင်းဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ ဓားပြအဖြစ်ရပ်တည်နေတဲ့ လူတစ်စု\r\nကမ္ဘာပေါ်မှာ လုံးဝ ဓားပြအတိုက်မခံရသေးတဲ့ ဘဏ်လေးတစ်ခု\r\nရဲမှူးနဲ့ ဓားပြတွေရဲ့ အားပြိုင်မှုကြားက ဓားစာခံဖြစ်သွားတဲ့ ဒီဘဏ်ဓားပြတိုက်မှုအကြော...

Hugo (2011)

{ "dec": "ဘယ်လိုဇာတ်ကားလဲဆိုတာ မပြောခင် အော်စကာ 5ခုတိတိ ရထားတဲ့ ဇာတ်ကားဆိုတာ အရင်ပြောပါရစေ\r\n\r\nအော်စကာဆုရှင် မင်းသားကြီး Ben Kingsley နဲ့ ကလေးသရုပ်ဆောင်ဘဝကနေ လူငယ်သရုပ်ဆောင်ဘဝအထိ ဆုပေါင်းများစွာသိမ်းပိုက်ရင်း အောင်မြင်လာတဲ့ မင်းသာလေး Asa Butterfield တို့ကို အတွဲညီစွာတွေ့မြင်ရမှာပါ\r\n\r\nဇာတ်လမ်းအကျဉ်းကတော့1930ကာလ ပဲရစ်မှာ ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်က ရထားဘူတာရဲ့နံရံနောက်မှာ နေထိုင်ပြီး ဆုံးသွားတဲ့သူ့အဖေနဲ့ သူ့ဦးလေးဆီက\r\nပစ္စည်းအတိုအစလေးတွေကိုသုံးပြီး ဘူတာကနာရီကြီးကို ရပ်မသွားခင်ပြုပြင်နေသူလေးပါ သူ့အဖေနဲ့ဆက်သွယ်ဖို့ နောက်ဆုံးကျန်ခဲ့တဲ့ပစ္စည်းလေးက automaton ဆိုတဲ့ လူပုံစက်ရုပ်လေးပါပဲ\r\n\r\nဒီစက်ရုပ်လေးက အထူးသော့မပါဘဲ အလုပ်မလုပ်နိုင်ပါဘူး ဒီတော့ သော့ကိုရှာဖို့ကြိုးစားရင်း ရထားဘူတာက ဈေးဆိုင်ရှင်ကြီး ဂျော့နဲ့ သူ့သမီးလေးတိုနဲ့ တွေ့ဆုံခဲ့ပါတယ်\r\nဒီသားအဖက ဟူဂိုရဲ့အဖေနဲ့ မထင်မှတ်ဘဲ အဆက်အသွယ်ရှိနေတာကို ဟူဂိုသိသွားတဲ့အခါ……\r\nCredit-mmsubtitles.co", "thumb": "https://m.media-amazon.com/images/M/MV5BMjAzNzk5MzgyNF5BMl5BanBnXkFtZTcwOTE4NDU5Ng@@._...