Mohini (2018)
{
"dec": "“ကျွတ် ကျွတ် ကျွတ် ကျွတ်”\r\nတိတ်ဆိတ်လွန်းလှတဲ့ညတစ်ညမှာ\r\nအိမ်ခေါင်မိုး မျက်နှာကြပ်မှာ ကပ်တွယ်နေတဲ့\r\nအိမ်မြောင်ဆီက စုတ်ထိုးသံ။\r\nသိပ်မကြာဘူး၊\r\nခပ်လှမ်းလှမ်းက ခွေးအူသံက ပတ်ဝန်းကျင်ကို\r\nလွှမ်းမိုးသွားပြန်တယ်။\r\nထိုအချိန်. . .\r\nအိမ်ကြီးတစ်လုံးရဲ့ ဘေးက သစ်ပင်အောက်မှာ\r\nတစ်စုံတစ်ယောက်၊\r\nအိမ်ကြီးကို အတန်ကြာ အကဲခတ်နေဟန်နဲ့\r\nစူးစူးစိုက်စိုက်ကြည့်တယ်၊\r\nအခြေအနေ ကောင်းလောက်ပြီဆိုမှ အိမ်ကြီးရှိရာကို ဒရောသောပါး ပြေးလာတယ်၊ခြံစည်းရိုးကို လွှားကနဲ ခုန်ကျော်ပြီး အိမ်တံခါးနားကို နင်ဂျာတစ်ကောင်လို ဖက်ကနဲ ကပ်လိုက်တယ်၊ပတ်ဝန်းကျင်မှာ\r\nဘာမှထူးထူးခြားခြား လှုပ်ရှားသက်ဝင်တာမရှိတော့ ယုံကြည်စိတ်ချစွာနဲ့ အိမ်ပေါ်ကို ဝရံတာဘက်ကနေ တက်သွားတယ်။\r\nဟောတွေ့ ပြီ. . .။\r\nအိပ်ခန်းထဲကို အရောက်\r\nသူလိုချင်နေတဲ့ ပစ္စည်းကို တန်းတွေ့ပြီ၊\r\nYoutube က “စားကြမယ်ဟေ့ ကောင်းကောင်း “အစီအစဉ်မှာ တင်ဆက်ပေးနေတဲ့ ရက်ရက်စက်စက်\r\nလှရက်လွန်းတဲ့ ဗိုင်ရှ်နာဗီ ခေါ် ဗိုင်ရှူးလေး၊\r\nသူကွန်းခိုရာ အိမ်ဂေဟာရဲ့ သလွန်ထက်မှာ\r\nစိတ်ချလက်ချ အိပ်စက် အနားယူနေပုံက\r\nမထိရက် မတို့ရက်စရာ၊\r\nကိုယ့်မလည်း သူလေးကို ဖန်သားပြင်မှာ မြင်တွေ့ပါများလာတော့ မသိစိတ်မှာ စွဲလန်းလာတယ်၊\r\nတိုက်ဆိုင်တယ်လို့ပဲ ဆိုဆို\r\nကံကောင်းတယ်ပဲ ပြောပြော\r\nအသေအချာ စုံစမ်းကြည့်တော့ သူလေးနဲ့ ကိုယ်က တစ်ရပ်ကွက်တည်းသားတွေ၊\r\nဒါကြောင့် အခုလို သူ့အိမ်ပေါ်တက်ပြီး\r\nဆင်ကြံကြံမိတဲ့အထိ ဖြစ်လာတာပါပဲ။\r\nသူ ကုတင်နားကို ပိုပြီး တိုးကပ်လိုက်တယ်၊\r\nကြည့်ပါဦး၊အိပ်ပျော်နေတဲ့ ဗိုင်ရှ်နာဗီလေးက\r\nအနီးကပ်ကြည့်လေ ပိုချစ်စရာ ကောင်းလေ၊\r\nသူ့စိတ်ထဲမှာ စိတ်ရိုင်းတွေ ဗလောင်ဆူဝေနေတယ်၊\r\nဖြစ်ချင်ရာဖြစ် စိတ်အလိုကို လိုက်တော့မယ်လို့\r\nဆုံးဖြတ်ပြီး\r\nလက်အလှမ်း. . .\r\n\r\n“ဝုန်း”\r\nအင်အားကြီးတဲ့ တစ်စုံတစ်ယောက်ရဲ့\r\nဆောင့်တွန်းခြင်း ခံလိုက်ရသလို သူအဝေးကြီးကို\r\nလွင့်စင်သွားတယ်။\r\nလွင့်စင်သွားတဲ့ အရှိန်ကြောင့် သူလည်း အတော်ကြီး အီစလံဝေသွားတယ်၊\r\nချက်ချင်း ပြန်မထနိုင်သေးခင်မှာပဲ ဗိုင်ရှ်ဗီကိုယ်ထဲကနေ သတ္တဝါတစ်ကောင်လား ဘာလား\r\nအမျိုးအမည် မသိတဲ့ အနက်ရောင် သတ္တဝါကြီး သူ့ဆီကိုဆင်းလာတယ်။\r\n\r\n“သရဲ သရဲ\r\nကယ်ကြပါဦးဗျာ”\r\n\r\nကြောက်အားလန့်အားနဲ့ ကြုံးအော်၊\r\nရှိသမျှ အားအင် အကုန်သုံးပြီး\r\nအိမ်ပေါ်ကနေ လွှားကနဲ သူခုန်ဆင်း\r\nထွက်ပြေးသွားတော့တယ်။\r\n\r\nစူးစူးဝါးဝါး အသံနက်ကြီးကြောင့်\r\nဗိုင်ရှ်နာဗီ နိုးလာတယ်။\r\nခုန အော်သွားတဲ့အသံနက်ကြီးကတော့\r\nတဖြည်းဖြည်းဝေးသွားပြီ။\r\nအိမ်ကို သူခိုးကပ်နေမှာပါလို့ ခပ်ပေါ့ပေါ့ပဲ တွေးလိုက်တယ်။\r\nအိမ်အောက်ကို ငုံ့အကြည့်မှာ နတ်ဝင်သည်လိုလို\r\nစုန်းမ လိုလို\r\nအဝတ်အစားအထူးအဆန်းတွေ ဝတ်ထားတဲ့\r\nမိန်းမကြီးတစ်ယောက်က သူ့ကိုလက်ညှိုးထိုးပြီး\r\nတတွတ်တွတ် ပြောနေတယ်\r\n\r\n” သူ ပြန်လာလိမ့်မယ်\r\nလက်စားချေဖို့ သူပြန်လာလိမ့်မယ်၊\r\nလူတွေအများကြီး သေရလိမ့်မယ်၊\r\nနင်နဲ့ ပဌာန်းဆက်ရှိတဲ့ သူမို့ နင့်ကို သူ့ဆီရောက်အောင် ခေါ်ပြီး\r\nသူလုပ်စရာရှိတာတွေကို လုပ်လိမ့်မယ်….”\r\n\r\nအထက်မှာရေးပြခဲ့တာက\r\nဒီဇာတ်လမ်းရဲ့ အဖွင့်ဇာတ်ဝင်ခန်းပါ\r\n\r\nဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရရင်\r\nသူငယ်ချင်းကောင်မလေးကို\r\nအိမ်ထောင်ပြုဖို့ ကူညီပေးလိုတဲ့\r\nစားဖိုမှူးလေး ဗိုင်ရှ်နာဗီတစ်ယောက်\r\nအိန္ဒိယကနေ လန်ဒန်မှာ ရှိတဲ့\r\nစားသောက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ရင်း\r\nအမှောင့်ပယောဂတွေ\r\nမကောင်းဆိုးဝါး ဝိဥာဉ်တွေနဲ့ ကြုံတွေ့ရပုံကို\r\nခမ်းခမ်းနားနား ရိုက်ပြထားတာပါ။\r\nHorror ကား ကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် မင်းသမီးချောချောလေး Trisha Ksishnan ကိုယ်တိုင်\r\nခေါင်းဆောင်ရိုက်ကူးထားတဲ့ ဒီကားလေးကို\r\nအားပေးသင့်ပါတယ်လို့ ပြောရင်း. . .\r\n\r\nTranslated by Nyi Nyi Koe ft. Myint Thu\r\nReview -Myint Thu (MLMC)\r\nEncoded By John Burgoyne\r\nCredit-Fofmm.cc",
"thumb": "https://m.media-amazon.com/images/M/MV5BZDhkZmNiM2EtZTU0ZC00ODA2LTgzZWQtZWM4ZmIwZmY0ZjQwXkEyXkFqcGdeQXVyMzYxOTQ3MDg@._V1_SY1000_CR0,0,648,1000_AL_.jpg",
"url": "https://www.facebook.com/2182110982076380/videos/632489640485170/",
"image": "https://m.media-amazon.com/images/M/MV5BYTE0NzkxMzAtY2I0Ny00YjZlLThjM2YtYWFjMWE2MzNhYWEwXkEyXkFqcGdeQXVyNTAwNDQ5MTU@._V1_.jpg",
"date": "July 26, 2018",
"sdsize": "187 MB",
"hdsize": "953 MB"
}
Comments
Post a Comment