Orange (2015)

{ "dec": "ဒီတစ်ခေါက်မှာတော့ အားလုံးကို Orange Live Action လေးနဲ့ တင်ဆက်ပေးပါ့မယ် ... \r\n\r\nကိုယ် ဂျပန် Live Action ကားတွေ ကို စကြိုက်ခဲ့တာ ဒီကားလေးကို ကြည့်ပြီးမှလို့ပြောရင်လဲ မမှားပါဘူး ... Yamazaki Kento ကိုစကြိုက်ခဲ့တာလဲ ဒီကားမှာပါပဲ ...\r\n\r\nဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော် ...\r\n\r\nAnime ကြည့်ပြီးထားသူတွေအတွက်ကတော့ မစိမ်းပါဘူး ... Live Action ရဲ့ သဘောအတိုင်း Anime ကိုတော့ နဲနဲချုံ့ရတာပေါ့ ... မချုံ့ရင်လဲ ဇာတ်လမ်းကရှည်နေမှာပေါ့နော် ... \r\n\r\nအဲ့တော့ တချို့အခန်းလေးတွေက မြှုပ်ထားတော့ Anime ကြည့်ထားတဲ့လူမှ ပိုနားလည်မယ် ထင်မိတယ် ... \r\n\r\nအထက်တန်းကျောင်းစဖွင်တဲ့နေ့မှာ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ နဟို လို့ခေါ်တဲ့ ကောင်မလေးဆီကို စာတစ်စာင်ရောက်လာခဲ့တယ် ... \r\n\r\nစာ ရဲ့ မျက်နှာစာမှာရေးထားတာက နဟို ဆီမှ တဲ့ သူနဲ့ထပ်တူကျနေတဲ့ နာမည်လေးကိုတွေ့ခဲ့တယ် ...\r\n\r\nအဲ့နေ့မှာပဲ ကျောင်းပြောင်းတစ်ယောက် ကျောင်းသားလာမယ် ... အဲ့ကောင်လေး နာမည်က ခခဲရု လို့ခေါ်တယ် ... အဲ့ကောင်လေးက နဟို ဘေးမှာ ထိုင်မယ် ... အဲ့ဒါတွေကိုစာထဲမှာရေးထားတာ တွေ့ခဲ့ရပြီး အပြင်လက်တွေ့မှာလဲ တကယ် အဲ့လိုမျိုး ထပ်တူကျနေသွားတာကို နဟိုတစ်ယောက် အံ့အားသင့်နေခဲ့ရတယ် ...\r\n\r\nနောက်ပြီး စာထဲမှာ ကျောင်းစတက်တဲ့နေ့နဲ့ ပတ်သက်ပြီး အရေးကြီးသတိပေးထားတာ တစ်ခုရှိခဲ့တယ် ... အဲ့ဒါကတော့ ဒီနေ့ ခခဲရု ကို လုံးဝအပြင်မခေါ်ပါနဲ့တဲ့ ... နဟိုတို့ အဖွဲ့ထဲက စုဝ ဆိုတဲ့ကောင်လေးက ကျောင်းသားသစ်ဆိုတော့ ရင်းနှီးအောင် အပြင်ထွက်ဖို့ခေါ်ခဲ့တယ် ... နဟို တို့ကလဲ ခခဲရုနဲ့ ရင်းနှီးသွားရင်း ... ဒီန့ ခခဲရု ကို ခေါ်ခဲ့တာ အရမ်းပျော်ဖို့ကောင်းပါတယ် တွေးရင်း ... စာထဲက အကြောင်းအရာကို မေ့လျော့လိုက်တယ်...\r\n\r\nအမှန်တော့ အဲ့နေ့ခေါ်ခဲ့မိတဲ့ အကျိုးဆက်က သူတို့တွေအတွက် နောင်တ တစ်ခု ဖြစ်နေခဲ့တယ် ဆိုတာကို ၁၆ နှစ်အရွယ် နဟိုလေး က ၂၆နှစ် နဟို ရဲ့ စာကိုဖတ်ရင်း သဘောပေါက်ခဲ့တယ် ...\r\n\r\nအသက် ၂၆ နှစ် နဟို က လက်ရှိ အနာဂတ်မှာ ခခဲရု မရှိတော့ကြောင်း ပြောခဲ့တယ် ...\r\n\r\nအဲ့အတွက်လဲ ၁၆နှစ် နဟို ကို ခခဲရု ကို ကယ်ဖို့ အကူအညီတောင်းခဲ့တယ် ... \r\n\r\nခခဲရု က အနာဂတ်မှာ ဘယ်လိုမရှိတော့တာလဲ ?\r\nဘာကြောင့်ဒီလို တွေဖြစ်ခဲ့ရတာလဲ ? ကို အသက် ၁၆ နှစ်အရွယ် နဟို တစ်ယောက် အဖြေရှာရင်း နဟို တို့ အဖွဲ့ ခခဲရု ကို ကယ်နိုင်ခဲ့လား ?\r\nနောင်တတွေ ကိုကော ခြေဖျက်နိုင်ခဲ့လား ? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာ စီးမျောလိုက်ပါနော် ...\r\n\r\nRating အရ IMDb မှာ 7.1/10 အထိ ရရှိထားခဲ့တယ့် Japanese Fantasy , Drama လေးပါ ...\r\n\r\nTranslator : Kiddo\r\nEncoder : Ziven\r\nQuality : Blu-ray 720p\r\nMyanmar Asian TV Channel မှ တင်ဆက်သည် ။", "thumb": "https://m.media-amazon.com/images/M/MV5BMDIyZTFlNzgtNTMxNy00NDc1LWJjMDUtNjAzZTBiNjAxZWY2XkEyXkFqcGdeQXVyNTM5NjI0NTE@._V1_.jpg", "url": "http://bit.ly/2KHcHLo", "image": "https://m.media-amazon.com/images/M/MV5BYjk5ZWE1MWUtMDgzNC00MTJiLTk3YTUtZDZkNGQ1ZDZhNjQwXkEyXkFqcGdeQXVyMzgxODM4NjM@._V1_.jpg", "date": "December 12, 2015", "sdsize": "157.30 MB", "hdsize": "692.67 MB" }

Comments

Popular posts from this blog

Pee Mak (2013)

Raaz Reboot (2016)

Swamy Ra Ra (2013)