Hacker (2016)

{ "dec": "အဲလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်း ကွန်ပျူတာကို ဆော့ကစားရင်းကြီးပြင်းခဲ့ရသူမို့အင်တာနက် ကွန်ပျူတာတွေနဲ့ပတ်သတ်ပြီး အကျွမ်းတ၀င်ရှိနေပါတယ်။သူရဲ့စိတ်ကူးကလည်း ဒီပညာတွေကို ပိုပြီးသင်ယူဖို့ ကောလိပ်တက်ချင်တာပါ။\r\n\r\nမိဘတွေက မပြေလည်သူမို့ ကောလိပ်တက်ဖို့ ၁၄ နှစ်အရွယ်လောက်ကတည်းကခက်ခက်ခဲခဲ အင်တာနက်နေပြီးမှ ငွေရှာပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေတဲ့ လူကောင်းလေးတစ်ယောက်ပါ။ကောလိပ်တက်ခါနီးမှာပဲ သူ့အမေအလုပ်လုပ်နေတဲ့ဘဏ်က သူ့အမေကိုအလုပ်ထုတ်လိုက်ပါတယ်။သူတို့အိမ်ဂရန်အပေါင်ကလည်း ဒီဘဏ်မှာဖြစ်တဲ့အတွက် အလုပ်မရှိတော့လို့ချေးငွေလည်းမရနိုင်နဲ့ အိမ်ကိုပါ ဆုံးရှုံးရမယ့်အခြေအနေမို့ သူအနှစ်နှစ်အလလစုထားတဲ့ငွေလေးတွေကို ထုတ်ပေးလိုက်ပါတယ်။သူ့ရဲ့ရင်ထဲမှာလည်း ဘဏ်တွေကို စိတ်နာပြီး နာကျည်းချက်ဝင်နေပါတယ်။ အဲဒီအချိန်မှာ “ Dark Web” ဆိုတဲ့အဖွဲ့အစည်းက အင်တာနက်ကဟက်ကာအဖွဲ့အစည်းတွေဖြစ်ပြီးအင်တာနက်ကနေ ငွေကြေးတွေ လိမ်လည်ရယူနေတဲ့ နာမည်ကျော်ဟက်ကာကြီးအဖွဲ့ပါ။ ခေါင်းဆောင်ကတော့ Z ဆိုပြီး မျက်နှာဖုံးနဲ့ လူတစ်ယောက်ပါ ။\r\n\r\nဒီတော့ သူစုထားတဲ့ပိုက်ဆံတွေ မရှိတော့တဲ့ အဲလက်စ်ဟာ ဒီအဖွဲ့ထဲကို ၀င်ဖို့အကြံရသွားပါတယ်။ဒီအဖွဲ့ထဲ ၀င်ဖို့ကတော့ မလွယ်ကူပါဘူး။Online ကနေ ငွေကြေးလိမ်လည်မှုတစ်ခုလုပ်ပြနိုင်မှ လက်ခံတာပါ။ဒီတော့ အဲလက်စ်လည်း ကြိုးစားပြီး Online ငွေကြေးလိမ်လည်မှုတစ်ခု လုပ်ပြနိုင်လို့အောက်ဆုံးအဆင့်ကနေ ၀င်ခွင့်ရခဲ့တယ်။ဒီအဖွဲ့ထဲ ၀င်ပြီး ကြိုးစားလုပ်ကိုင်ရင်းက ၄ ပါတ်အတွင်းမှာကိုသူ ၄နှစ်စုဆောင်းထားတာလောက်ကို ရှာနိုင်လာပါတယ်။ကောလိပ်တက်ဖို့ မြို့ကိုပြောင်းလာတဲ့အချိန်မှာ “ Dark Web” အဖွဲ့ကနိုင်ငံတကာသတင်းမီဒီယာတွေကနေ ဘဏ်တွေကို ခြိမ်းခြောက်ပြီးတိုက်ခိုက်ပြမယ်လို့ ကြုံးဝါးလာခဲ့ပါတယ်။ဒီအချိန်မှာ အဲလက်စ်က ဘဏ်တွေကိုလက်စားချေချင်နေတဲ့သူမို့သူ ကောလိပ်မတက်တော့ပဲနဲ့ “ Dark Web” အဖွဲ့က အဖွဲ့ခေါင်းဆောင် Z နဲ့ တွေ့ဖို့အင်တာနက်ကနေငွေကြေးလိမ်လည်မှုတွေကို တဆင့်ပြီးတဆင့်တိုးလုပ်လာပါတော့တယ်………-\r\n\r\nအဲလက်တစ်ယောက် ဘယ်လိုများ တဆင့်ပြီး တဆင့် Online ငွေကြေးလိမ်လည်မှုတွေကို လုပ်သွားသလဲ-သူ့ကို ဘယ်သူတွေက ကူညီပေးမှာလဲ-“ Dark Web” အဖွဲ့ခေါင်းဆောင် Z ရဲ့ အသိမှတ်ပြုမိကို ရနိုင်မှာလား– နိုင်ငံတကာ ဘဏ်တွေကိုရော လက်စားချေနိုင်အောင် စွမ်းဆောင်သွားနိုင်လား-ဒီလောက်တောင် online ကနေ ငွေတွေလိမ်လည်နေတာ အဖမ်းခံရမှာလား မခံရဘူးလား-နိင်ငံတကာရဲတပ်ဖွဲ့ နှင့် ဘဏ်တွေဖက်ကရောဘယ်လိုမျိုး တန်ပြန်တိုက်စစ်ဆင်သလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ရှုစားကြည့်လိုက်ပါ…..ဒီကားလေးတော့ ကွန်ပျူတာကိုနေ့တိုင်း ထိတွေ့နေတဲ့ ကျွန်တော်တို့ အကြိုက်ကားလေးပဲဖြစ်ပါတယ်…Hacking အပိုင်းကိုစိတ်ဝင်စားနေတဲ့သူတွေနဲ့ လူငယ်တွေအတွက်လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…\r\n\r\nEncoder…..Moe Myint Lwin\r\nTranslator…..Htet Htet Tin Zar\r\nCredit-channelmyanmar\r\n ", "thumb": "https://m.media-amazon.com/images/M/MV5BYjk3ZWQ4ZmMtNzM1OS00NDQxLWJmZjctNzFlODAyODRkMjcyXkEyXkFqcGdeQXVyMjEwODIzODA@._V1_SY1000_CR0,0,748,1000_AL_.jpg", "url": "https://www.facebook.com/aungkolatts/videos/1936714626650353/", "image": "http://laku-cinema.com/wp-content/uploads/2018/05/Hacker-2016.jpg", "date": "December 2, 2016", "sdsize": "142.55 MB", "hdsize": "603.89 MB" }

Comments

Popular posts from this blog

Pee Mak (2013)

Raaz Reboot (2016)

Swamy Ra Ra (2013)